ရေသန့်ကတ် (၁၀၀၀) အားQuarantine  Centre  များသို့လာရောက်လှူဒါန်း

 

ရွှေ ပြည်သာ    အောက်တိုဘာ    

 

 ရန်ကုန်‌‌‌မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်တွင်    ကိုဗစ်-၁၉ ကူးစက်မှုမပျံ့ပွားစေရန်နှင့်  ကာကွယ် ထိန်းချုပ်နိုင်စေရန်  ရည်ရွယ်၍  ကိုဗစ်-၁၉ပိုးတွေ့လူနာများနှင့်စပ်ဆက်ထိတွေ့သူများအား  သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာ များရှိ Quarantine  Centre  များတွင်ထားရှိပြီးကျန်းမာရေးနှင့် အညီဆောင်ရွက်ပေးလျှက်ရှိရာ Quarantine  Centreများ တွင်အသုံးပြုနိုင်ရန်အတွက်  ရေသန့်ကတ် (၁၀၀၀)ကတ်အား  ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီသို့    လာ‌ရောက်လှူဒါန်းခဲ့သည်။

 

ထိုသို့  လှူဒါန်းရာတွင်   မရမ်းကုန်းမြို့နယ်ဦးလှိုင်မြင့်ထွန်း(Myanmar Orchid King)မှ‌ရေသန့်ကတ် (၅၀၀)နှင့်ဦးအိုက်စန်း (Contral Star Co.Ltd )  မှရေသန့်ကတ်(၅၀၀)တို့အား လာရောက်လှူဒါန်းကြရာ မြို့

နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ နာယကတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးရန်အောင်မင်းနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးဦးမိုးကျော်အောင်တို့ကလက်ခံရယူကြပြီးကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

 

ထို့နောက် လာ‌ရောက်လှူဒါန်းကြသော အလှူရှင်များအား   မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အေးအေးမိုး     ( ပြန်/ဆက်)