နွေရာသီအားလပ်ရက် အခြေခံပန်းချီသင်တန်း ဆက်လက်ဖွင့်လှစ် သင်တန်းသားများ စိတ်ပါဝင်စား စွာတက်ရောက်

ညောင်ရွှေ   မတ်   ၂၄

နွေရာသီကျောင်းအားလပ်ရက် အခြေခံပညာကျောင်းသားကျောင်းသူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ပန်းချီအနုပညာနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် မျိုးဆက်သစ် ပန်းချီအနုပညာရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ ပန်းချီအနုပညာရှင် ဆရာကြီးများနှင့်ပူးပေါင်း၍ နွေရာသီအားလပ် ရက် အခြေခံပန်းချီသင်တန်းကို ရှမ်းပြည်နယ် ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မတ်(၂၀)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းသားသင်တန်းသူများမှ စိတ်ပါဝင်စားစွာ တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံစစ်တုရင်သင်တန်းတွင် မြို့နယ်အတွင်းရှိ ပန်းချီအနုပညာရှင်ဆရာကြီးများဖြစ်ကြသည့် ဆရာဦးမြင့်ဆွေ၊ ဆရာဦးအောင်စိုးရ၊ ဆရာဦးတင်ဝင်း၊ ဆရာဦးခင်မောင်ဝင်းတို့က အခြေခံပန်းချီရေးဆွဲနည်း၊ လူပုံရေးဆွဲနည်း၊ ရှုခင်းပုံရေးဆွဲနည်း၊ အရာဝတ္ထုပုံရေးဆွဲနည်း၊ ခဲပန်းချီရေးဆွဲနည်း၊ ရေဆေးပန်းချီ၊ ဆီဆေးပန်းချီရေးဆွဲနည်းများကို နေ့စဉ်တစ်ရက်လျှင်နှစ်ချိန် သင်ကြားပို့ ချပေးလျက်ရှိပြီး သင်တန်းကာလမှ ဧပြီလ(၇)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ