စဉ့်ကိုင်မြို့နယ်တွင် နိုင်ငံစီးပွားရေးမြှင့်တင်မှုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်နွေစပါးစီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့်သွင်းအား စုထုတ်ပေးခြင်းအခမ်းအနားကျင်းပ  

စဉ့်ကိုင်    မတ်  ၂၅

စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံစီးပွားရေးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်နွေစပါးစီမံကိန်းအတွက် သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊    စဉ့်ကိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်   ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မျိုးသိန်း၊ အဖွဲ့၀င်(၁) ဒုတိယဗိုလ်မှူး ကြီးဇော်နိုင်ဦးနှင့် အဖွဲ့၀င်များ၊  မန္တလေး တိုင်းဒေသကြီး   စိုက်ပျိုးရေးဦးစီးဌာန၊   ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူးဦးဇော်၀င်းထွန်း၊ ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦးနှင့်၀န်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့၀င်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊  စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသန်းဇော်နှင့်၀န်ထမ်းများ၊ သွင်းအားစု ကုမ္ပဏီမှအဖွဲ့၀င်များ၊ ၀ယ်ယူကြိတ်ခွဲသူလုပ်ငန်းရှင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက အဖွင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍   မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊   ဒုတိယတိုင်းဒေသကြီး  ဦးစီးမှူး ဦးဇော်၀င်းထွန်းက စိုက်ပျိုးထုတ်လုပ်သူအစုအဖွဲ့နှင့် သွင်းအားစုရောင်းချသူတို့အား ပူးပေါင်း ချိတ် ဆက်ခြင်းဖြစ်ပြီး တောင်သူများ၀င်ငွေတိုးပွားစေရေး အဓိကဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် နိုင်ငံစီးပွားရေးမြင့်တင်ရန်ပုံငွေအား တောင်သူများအနေဖြင့် စနစ်တကျသုံးစွဲသွားကြရန်၊ သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်သွားကြရန်၊ လမ်းညွှန်မှာကြားခဲ့ပြီးနွေစပါး စီမံကိန်းအတွက် သဘောတူစာချုပ်များကိုချုပ်ဆိုခဲ့ကြသည်။

ထို့နောက် တောင်သူများအား တစ်ဧကလျှင်(၂)သိန်းကျပ်နှင့်ညီမျှသော ယူရီးယားဓာတ်မြေသြဇာကွန်ပေါင်းဓာတ်မြေသြဇာနှင့်  ပိုးသတ် ဆေးများ  ထောက်ပံ့ပေးအပ်ခဲ့ရာ  ဒေါင့်ကြီးကွေ့ ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာမှ တောင်သူ(၁၀)ဦးအား နွေစပါး မနောသုခစိုက်ဧက(၅၀)အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  စိုက်ပျိုးရေးဦးစီးဌာနမှ  စပါးသိပ္ပံနည်းကျ  စိုက်ပျိုးနည်းစနစ်ကို  ကျင့်သုံး၍ စိုက်ပျိုးထုတ်လုပ်ရန်၊ပညာပေးဆောင်ရွက်လျက်ရှိကြောင်း တောင်သူများကသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ကို လိုက်နာကျင့်သုံးဆောင်ရွက်ခြင်းဖြင့်  စပါးအထွက်တိုးစေပြီး၀င်ငွေ ပိုမိုရရှိလာမှာဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထံက သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)