ရန်ကင်းမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရန်ကင်း မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်း အရာများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သောအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို ပြသခဲ့ကြသည်။

ဆက်လက်၍ စာအုပ်စာစောင်များပြသရာ တပ်မတော်နှင့် ပတ်သက်သောစာအုပ်များ၊ မြန်မာနိုင်ငံသမိုင်းအကြောင်းစာအုပ်များ၊ အတ္ထုပ္ပတ္တိစာအုပ်များ၊ စာပေဗိမာန်စာမူဆုရစာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ နည်းပညာစာအုပ်များ၊ စိုက်ပျိုးရေးမွေးမြူရေးစာအုပ်များ၊ ကျန်းမာရေး စာအုပ်များ၊ သုတရသစာအုပ်များ စုံလင်စွာ ပြသထားမှုအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)