မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ချစ်ကြည် ရေးဘောလုံး ပြိုင်ပွဲကျင်းပ

မင်္ဂလာဒုံ မတ် ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်ပေါင်းစုံအမျိုးသား (အလွတ်တန်း) ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြဝတီဘောလုံးကွင်း၌ ယမန်နေ့မွန်းလွဲ ၃နာရီခွဲ အချိန်ကကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းကျော်ဦးက အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြား​သည်။ ထို့နောက် ဘောလုံးဝါသနာရှင်အသင်းများမှ အားကစားသစ္စာအဓိဌာန်( ၄) ချက်ကို သံပြိုင်သီဆိုကာ ဘောလုံးအားကစားပြိုင်ပွဲ စတင်ယှဥ်ပြိုင် ကစားကြသည်။

အဆိုပါ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များ၊ ဘောလုံးဝါသနာရှင်ပြည်သူများက ကြည့်ရှုအားပေးကြကြောင်းနှင့် ထို​ဘောလုံးပြိုင်ပွဲအား မြို့နယ်ရှိရပ်ကွက်ပေါင်းစုံမှ ဘောလုံးအသင်း (၈) သင်း ဖွဲ့စည်းကာ အုပ်စု(က) (ခ) ခွဲ၍ သတ်မှတ်ရက်များတွင် အလှည့်ကျယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြတ်သူဇာ (မင်္ဂလာဒုံ )