နမ္မတူ မတ် ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား မတ်လ (၂၁)ရက်နေ့မှ မတ်လ (၂၄)ရက်အထိ (၄)ရက်တာဖွင့်လှစ်ခြင်းဖြစ်ပြီး အထက်တန်းအဆင့်တွင် ဆရာ/ဆရာမ ၃၈ဦး၊ အလယ်တန်းအဆင့်တွင် ဆရာ/ဆရာမ ၈၇ ဦး စုစုပေါင်း ဆရာ/ဆရာမ ၁၂၅ဦး တက်ရောက်ခဲ့ပြီး အထက်တန်းအဆင့်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ သမိုင်းနှင့် ဘောဂဗေဒ ဘာသာရပ်များအားလည်းကောင်း၊ အလယ်တန်းအဆင့်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များ အားလည်းကောင်း ဆွေးနွေးပို့ချခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)