ငါန်းဇွန်မြို့၌ Fitness Dance သင်တန်းဆင်းပွဲကျင်းပ

ငါန်းဇွန် မတ်၂၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မတ်လ ၁၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော Fitness Dance သင်တန်းကို ယမန်နေ့ညနေ ၅နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန် မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက Fitness Dance အားကစားသည် ကျန်းမာရေးအတွက်  အထောက်အကူဖြစ်စေသည့်အပြင် အုပ်စုဖွဲ့အားကစားမျိုးဖြစ်ပြီး အုပ်စုလိုက် ညီညွတ်မှုဖြင့် ယခုလို စိတ်ဝင်စားစွာ ကြိုးစားသင်ယူခဲ့ကြသော သင်တန်းသားများကို အထူးကျေးဇူးတင်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အားကစားနည်းပြဆရာမ ဒေါ်မို့မို့စံအား ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လက်ဆောင်ပစ္စည်းများပေးအပ်ပြီး သင်တန်းသား (၂၆)ဦးတို့က Fitness Dance အားကစားဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)