မိတ္ထီလာ မတ် ၂၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် အခြေခံယာဉ်မောင်းသင်တန်း အမှတ်စဉ် (၄/၂၀၂၃) များ ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင် ထူးချွန်စွာအောင်မြင် ကြသူများအား ဆုများအသီးသီးပေးအပ်ခဲ့ချီးမြှင့်ခဲ့သည်။ ထို့နောက် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းက သင်တန်းဆင်း လက်မှတ်များအား သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့သည်။ ထိုသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၇ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၀ ပတ်ကြာမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခမ်းအောင်၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)