ပျော်ဘွယ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အရက်၏ဆိုးကျိုးအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ပျော်ဘွယ် မတ် ၂၄

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ အရက်၏ ဆိုးကျိုးအကြောင်း အသိပညာပေး အွန်လိုင်းဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ(၁)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အသိပညာ ဆွေးနွေးပွဲ (Talk Show) ပြုလုပ်တင်ဆက်ပေးနေမှုအခြေအနေများ၊ ပြည်သူများ ဗဟုသုတရရှိစေရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြီး အရက်၏ ဆိုးကျိုးများအကြောင်းကို ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူနှင့် ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးတို့က အရက်သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့်စိတ်ဝေဒနာများ၊ ခန္ဓာကိုယ်ချို့ယွင်းပျက်စီးလာမှုများ၊ နောက်ဆက်တွဲဆိုးကျိုးဖြစ်သည် စီးပွားရေးချို့ယွင်းလာမှုများ၊ အရက်သောက်သုံးခြင်းကြောင့် မိမိကိုယ်တိုင်သာမက မိသားစုနှင့်ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသည့်အကြောင်းအရာတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယစ်ဆေးဝါးတစ်မျိုးတွင်ပါဝင်သည့် အရက်၏ဆိုးကျိုးများကို သိရှိပြီး အရက်သေစာ သောက်စားခြင်းမှ ရှောင်ကျဉ်တတ်စေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန်အတွက် အွန်လိုင်းအသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)