ပုဗ္ဗသီရိမြို့နယ်တွင် ဆောင်းနေကြာစံကွက်  ရိတ်သိမ်း

ပုဗ္ဗသီရိ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၄၂၊ ဦးပိုင် ၈/၃၊  တောင်သူ ဒေါ်ယုယုလွင်၏  ဆောင်းနေကြာ သုံးဧကစိုက်ခင်းအား ယနေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ နေကြာစံကွက်ရိတ်သိမ်းပွဲသို့ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။ အဆိုပါ နေကြာစိုက်ခင်းကို ရေဆင်းစပ်မျိုး (၁) နေကြာစိုက်ပျိုးထားပြီး၊ စိုက်စနစ် တန်းကြား နှစ်ပေ၊ ပင်ကြား ကိုးလက်မဖြစ်ပြီး တစ်ဧက အစိုအထွက်နှုန်း ၄၃ ဒသမ ၇၄ ထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက တန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးလျက်ရှိသည့် ဒေါ်ယုယုလွင်၏ နွေနှမ်းစိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး အခြားကွင်းများသို့လည်း နွေသီးနှံစိုက်ပျိုးမှုများကို ရာသီအမီ အမြန်စိုက်ပျိုးနိုင်ရေး ကွင်းဆင်း မှာကြားခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပြန်/ဆက်)