ပုဗ္ဗသီရိမြို့နယ်၌ စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ် (၁၂၆) သင်တန်းဆင်းပွဲကျင်းပ

ပုဗ္ဗသီရိ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်​ရေး ဦးစီးဌာနနှင့်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍ စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ် (၁၂၆) (အ​ခြေခံလျှပ်စစ်သင်တန်း) ဆင်းပွဲကို ယ​နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေတို့မှ  သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ တပင်ရွှေထီးအုပ်ချုပ်ရေးမှူး ဦးအောင်ခင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မသန်စွမ်းသူများအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဖွင်လှစ်ခဲ့ခြင်းဖြစ်ပြီး မသန်စွမ်းသူ သင်တန်းသား၊ သင်တန်းသူ ၆ ဦး အပါအဝင် သင်တန်းသား၊ သင်တန်းသူ ၂၄ ဦး တက်ရောက်ခဲ့ကာ သင်တန်းကာလ မတ်လ ၁၃ ရက်မှ ၂၄ ရက်နေ့အထိ သင်ကြား​ပေးခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပြန်/ဆက်)