လယ်ဝေး မတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး၊ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အခြေခံအင်္ဂလိပ်စာ (Grammar & Speaking)သင်တန်းနှင့် အခြေခံပန်းချီသင်တန်းတို့အား မတ်လ ၇ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး နွေရာသီအခြေခံဂျူဒိုသင်တန်းကို မတ်လ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူလျက်ရှိသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် သင်တန်းအမျိုးအစားအားလုံးကို မတ်လ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
နေရည်(ပြန်/ဆက်)