မိုင်းဆတ် မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်မျိုးမျိုးသွယ်က တပ်မတော်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ တပ်မတော်ဖွဲ့စည်း ထူထောင်ခဲ့ပုံအဆင့်ဆင့်နှင့် (၇၈)နှစ်မြောက် တပ်တော်နေ့ဦးတည်ချက်များ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ ဝတ္တု၊ မဂ္ဂဇင်းများကို ဟောပြောပွဲတက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ပြီး မိမိတို့ဖတ်ရှုလိုသည့် စာအုပ်၊ စာစောင်များကို ငှားရမ်းခဲ့ကြကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)