မိုင်းပန် မတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာရွှေဥဒေါင်း၏ “လူဖြစ်ရကျိုးကျေနပ်ပါစေနှင့် အခြားအတွေးအမြင်ဆောင်းပါများ”စာအုပ်မှ “လူဖြစ်ရကျိုးကျေနပ်ပါစေ” အကြောင်းအရာများကိုလည်းကောင်း၊ ဓမ္မတာနှင့် သဘာဝဓမ္မတာ အကြောင်းအရာများကိုလည်းကောင်း၊ အရက်ပြဿနာအကြောင်းအရာများကိုလည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)