တောင်ကုတ် မတ်၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှကြီးမှူး၍ လူငယ်များအသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက NOBLE International Pre–School & Learning Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြင့်ရွှေက လူငယ်များအသိပညာ မြင့်မားရေးအတွက် လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ဟောပြောပြီးနောက် ကျောင်းသူ၊ကျောင်းသားများက ပြသထားသော နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။
အဆိုပါနံရံကပ်စာစောင်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာ မှတ်တမ်းဓာတ်ပုံများကို ပြသထားရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)