တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုဆောင်ရွက်

တံတားဦး မတ် ၂၄

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာဖတ်ပေရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး စာပေချစ်မြတ်နိုးသူများရှိလာစေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းတည့်(၁၂)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးကြောင်း သိရသည် ။

ထိုသို့ စာငှားဝန်ဆောင်မှု ပြုလုပ်ပေးရခြင်းမှာ စာကြည့်တိုက်သို့ အလုပ်တာဝန်များ မအားလပ်၍ မလာရောက်နိုင်သူများ စာအုပ်စာစောင်များကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် သုတ၊ရသ စာအုပ်စာစောင်များ ဖတ်ရှုရခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုကောင်းမွန်စေရန် စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်  စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင် လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍  သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးပြီး အသင်းဝင်အသစ်များကိုလည်း စာငှားကတ်များ ပြုလုပ်ပေးကြောင်း၊ ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများကို တစ်ဦးလျှင် စာအုပ်တစ်အုပ်သာ ငှားရမ်းပေးမှ ဝန်ထမ်းများက တစ်ဦးနှင့်တစ်ဦး လဲလှယ်ဖတ်ရှုနိုင်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ပြည်သူများစာပေကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက်  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့သို့လည် မည်သူမဆိုအခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်ထံမှ သိရသည် ။

မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ လစဉ်စာအုပ်စာစောင်များ လဲလှယ်၍ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

ဦးရဲတင့်(ပြန်/ဆက်)