(၇၈)နှစ်မြောက် တပ်မတော်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ညောင်ဦးမြို့နယ်တွင် ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့် ကျေးရွာကွန်ကရစ်လမ်းဖွင့်လှစ်

ညောင်ဦး မတ် ၂၄

မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မတ် ၂၄ ရက်၊ နံနက် ၈ နာရီအချိန်က ညောင်ဦးမြို့နယ် အမှတ်(၆)ရပ်ကွက် အောင်မြေသာ(၄)လမ်း ကတ္တရာလမ်းဖွင့်လှစ်ခြင်းနှင့် နံနက် ၁၀ နာရီအချိန်က သဲပြင်တောအုပ်စု၊ ကောင်းတော်စစ်ကျေးရွာ ကွန်ကရစ်လမ်းတို့ ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲနိုင်မှ ကတ္တရာလမ်းသစ်နှင့် ပတ်သက်၍ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ပြီးနောက် ကတ္တရာလမ်းသစ်အား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲနိုင်တို့မှ ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြကရာ ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုကြကာ ဒေသခံပြည်သူ ဦးသိန်းအောင် မှကျေးဇူးတင်စကား ပြေကြားသည်။ ဆက်လက်၍ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးမြို့နယ် သဲပြင်တောအုပ်စု၊ ကောင်းတော်စစ်ကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပသည်။ ရှေးဦးစွာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားကရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများပေးအပ်ကြသည်။ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်တို့မှ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ညောင်ဦးမြို့ အမှတ်(၆)အောင်မြေသာ(၄)လမ်း ကတ္တရာလမ်းအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှငွေကျပ် (၃၆.၆၇၆၄)သန်းဖြင့် မြောက်မှတောင် ကတ္တရာခင်းခြင်း (၁၅၂၅)ပေ၊ ကောင်းတော်စစ်ကျေးရွာ ကွန်ကရစ် လမ်းခင်းခြင်းအား ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော် ထောက်ပံ့ငွေ (၁၀.၀)သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ(၃.၀)သန်းဖြင့် အလျား(၅၄၀)ပေ၊ လမ်းအျကယ် (၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်လမ်းဖြစ်ကြောင်း သိရသည်။

ဒီပါလင်း