မိုင်းယု ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ဌာနဆိုင်ရာများမှ ပူးပေါင်းစီစဉ်ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို မတ်လ ၃ ရက်၊ နံနက် ၉ နာရီတွင် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ အမက (မူလွန်) ကျောင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသည် ဒိမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့်အစိုးရ တာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင် သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူများကြားတွင် ဆွေးနွေးမှုများရရှိလာစေရန်၊ ပြည်သူလူထု ၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာ စေရန်နှင့် မှန်ကန်သော သတင်းအချက်အလက်များ ရရှိလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲများကို ပူးပေါင်းစီစဉ်ကျင်းပပေးရခြင်းဖြစ်သည်။
ဆွေနွေးပွဲကို မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအုက်ခမ်းလှိုင်နှင့် မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့ ဦးဆောင်သော နယ်မြေခံစခန်းမှူး ရဲအုပ် အောင်ဇော်မင်း၊ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ်၊ ရှေ့တန်းရုံး လ.ဝ.က ဦးစီးမှူး ဦးသန့်ဇော်ဦးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးလက် ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ၊ ကျေးလက်လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ရေ၊ စိုက်ပျိုးရေး မွေးမြူးရေး၊ ပညာရေး၊ ကျန်းမာရေး၊ နယ်မြေလုံခြုံရေးဆိုင်ရာ အခြေအနေများကို ကဏ္ဍ အလိုက် ဆွေးနွေးကြသည်။
ကိုကိုနိုင်(မိုင်းယု)