ငါန်းဇွန် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့နေ့လယ် ၂ နာရီခွဲက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပသည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများသည် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်ဘုတ်နှင့် နံရံကပ်စာစောင်တွင် ပြသထားသော (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး အကြောင်းအရာများ၊ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်ဓာတ်ပုံများ၊ မူးယစ်ဆေးဝါး အသိပညာပေး အကြောင်းအရာများကို လေ့လာကြည့်ရှုကြပြီး ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော စာအုပ်စာစောင်များအား ဝင်ရောက်လေ့လာကြည့်ရှုကြသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူများအား ရုပ်သံကျွမ်းကျင်-၃ ဦးကိုကိုနိုင်က နိုင်ငံ့တပ်မတော်ဖြစ်ပေါ်လာပုံ သမိုင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောပြီး (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)