ဂွ မတ် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ ယာဥ်အန္တရာယ် ကင်းဝေးစေရေးယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မတ်လ(၂၀)ရက်နေ့မှ စတင်ကာ နေ့စဥ် နံနက်ပိုင်း၌ ယာဥ်အသွားအလာများသည့် လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လမ်းမပေါ်တွင် ဖြတ်သန်းသွား လာသည့်ယာဥ်များကို ယာဥ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ယာဥ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များနှင့် ယာဥ်စည်းကမ်းနှင့် လမ်း စည်းကမ်းများအားသိရှိလိုက်နာစေရန် စသည့်အသိပညာပေးခြင်းလုပ်ငန်းများနှင့် စည်းကမ်းပျက်ယာဥ်များကို မော်တော်ယာဥ်ဥပဒေဖြင့် တရားစွဲ တင်ပို့နိုင်ရေးအား ဖွဲ့စည်းထားသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်