နမ့်ဆန် မတ် ၂၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာအုပ်များကိုငှားရမ်းပေးလျက်ရှိရာ နေ့စဉ်စာကြည့်တိုက်တွင် အင်္ဂလိပ်စာ (Grammar)သင်တန်း လာရောက်တက်ရောက်သူများက သုတ/ရသစာအုပ်များ ငှားရမ်းဖတ်ရှုသူများပြားလျက်ရှိကြောင်း သိရသည်။
စာကြည့်တိုက်တွင် စာအုပ်လာရောက်ငှားရမ်းသော ကလေးငယ်များကို တစ်ဦးလျှင် (၃)အုပ်နှုန်းငှား ရမ်းပေးသည့်အပြင် အသိပညာဗဟုသုတတိုးပွားစေရန် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူခေါက်ခြင်းများနှင့် ဟောပြောပွဲများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)