အမ်းမြို့နယ်၌ နွေရာသီအားလပ်ရက်ကာလ လူငယ်အား ကစားသင်တန်းများဖွင့်လှစ် သင်ကြား

အမ်း မတ် ၂၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအားလပ်ရက် လူငယ်အားကစားသင်တန်းကို  မတ်လ ၂၂ရက် ညနေ ၄ နာရီအချိန်က မြို့မအားကစားကွင်း၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ နွေရာသီလူငယ်အားကစားသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးကနွေရာသီအားလပ်ရက်ကာလတွင် သင်တန်းသား သင်တန်းသူကလေးများအနေဖြင့် လူငယ်အားကစားသင်တန်းကိုသင်ကြားတဲ့အချိန်တွင် စိတ်ဝင်တစား သင်ကြားကြရန်၊ အားကစားနည်းများဖြစ်သည့်  ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွန်ဒို၊ အခြေခံအေရိုးဗစ်သင်တန်းစသည့် အားကစားနည်းများကို အားကစားနည်းပြ ဆရာများကသင်ကြားပို့ချမည်ဖြစ်ကြောင်း၊ အားကစားသင်းတန်းကို စိတ် ပါဝင်စားသူများအခမဲ့သင်ကြားနိုင်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် တာဝန်ရှိသူများက သင်တန်းသားသင် တန်းသူများ(၅ဝ)ဦးအား အားကစားဝတ်စုံများအားထောက်ပံပေးအပ်ခဲ့ပြီး သင်တန်းကာလကို မတ်လ ၂၂ ရက်မှ ၂၈ ရက်အထိ  သင်ကြားပြသမည်ဖြစ် သိရသည်။

စိုးမင်းထွန်း