ကျိုင်းတောင်းမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေ

ကျိုင်းတောင်း မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကျိုင်းတောင်းမြို့တွင်းရှိ မိဘပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၌ မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန်းခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်မှ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက် နုတ်ချက်များ၊ တပ်မတော်နေ့ ဂုဏ်ပြုကဗျာ၊ ဆောင်ပုဒ်များ၊ တပ်မတော်နေ့အကြောင်း သိကောင်းစရာများ၊ ကာတွန်းများစသည်ဖြင့် ကဏ္ဍစုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ယူထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ကျိုင်းတောင်းမြို့ရှိ မိဘပြည်သူများ တပ်မတော်သမိုင်းကြောင်းများကို ပိုမိုသိရှိစေရန် အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လူစည်ကား ရာနေများဖြစ်သည့် ကားဂိတ်များ၊ မြို့မဈေး၊ လက်ဘက်ရည်ဆိုင်များ၊ စာသောက်ဆိုင်များ၊ လမ်းစုံလမ်းခွများနှင့် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းကြသည့် စာငှားစာဖတ် ပရိသတ်များတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)