ကျိန္တလီ မတ် ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ဉာဏ်ပညာဗဟုသုတနှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများဖလှယ်နိုင်စေရန်၊ လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်စေသည့်အရာများကို မစားသုံးမိကြစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့ဦးစီးမှူးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ဇော်လင်း