ရသေ့တောင်မြို့နယ် Community Centre ခန်းမ၌ စာအုပ်ပြပွဲပြုလုပ်

ရသေ့တောင်  မတ် ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီအချိန်က စာအုပ်ပြပွဲကို ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။                                                 

စာအုပ်ပြပွဲတွင် ကျောင်းသူ/ကျောင်းသားများနှင့် ရပ်ကွက်နေပြည်သူများအား စာအုပ်စာစောင်များ၊ မဂ္ဂဇင်းများ၊ အသိပညာဗဟုသုတ ရရှိမည့်စာအုပ်များ၊ သမိုင်းစာအုပ်များ စသည့်စာအုပ်များကို  ခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါ စာအုပ်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက စာဖတ်ပရိသတ် ပြည်သူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေကောင်းများ ဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ပြီးကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။၊

ထွန်းလင်းကျော်(ပြန်/ဆက်)