ဘူးသီးတောင် မတ် ၂၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က မျိုးဆက်သစ် လူငယ်များအနေဖြင့် အသိပညာဗဟုသုတတိုးပွား၍ ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာစေရန် ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် စာကြည့်တိုက်သို့လာရောက်၍ မိမိအတွက်အကျိုးရှိမည့် စာအုပ်များကို လေ့လာဖတ်ရူ့ကြရန်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ လူငယ်၊ လူရွယ်(၂၀)ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံများပြသခဲ့ကြရာ စိတ်ဝင်တစားကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)