မိုင်းဆတ် မတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)၌ ယမန်နေ့နံနက်ပိုင်းက ပန်းချီပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်များတွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ မိုဘိုင်းဖုန်းဖြင့် ဂိမ်းဆော့ကာ အချိန်မဖြုန်းကြစေရန်၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်ဉာဏ်သွေး၊ တွေးခေါ်ကြံဆနိုင်စွမ်း မြင့်မားစေရေးနှင့် ပန်းချီစွမ်းရည်တိုးတက်စေရေးအတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အ.ထ.က (မိုင်းဆတ်)မှ ပန်းချီဝါသနာရှိသည့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ ပန်းချီများ ရေးဆွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)