ဗဟန်း မတ် ၂၄
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိစေရန်နှင့်ဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့ညနေ ၃ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခဲ့သည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဗဟန်းမြို့နယ်အတွင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့အား စာရေးဆရာကောင်းသာ ရေးသားသည့် အောင်မြင်ရှေ့ဆက် ဆယ်ကျော်သက်အလေ့အထ(၇)ချက် စာအုပ်ဖြင့် စာဖတ်စွမ်းရည်ယှဉ်ပြိုင်ကြသည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မသူဇာထွန်း၊ ဒုတိယဆုရရှိသူ မောင်ဝင်းအောင်နှင့် တတိယဆုရရှိသူမောင်သူရတို့ကို ရန်ကုန်အနောက်ပိုင်းခရိုင်မှူးမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စန္ဒာမိုး