မိုင်းယုမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် Talk Show ကျင်းပ

မိုင်းယု မတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယမန်နေ့က Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

Talk Show ဆွေးနွေးပွဲတွင် စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းကောင်ကျောက်က (၇၈)နှစ်မြောက် တပ်တော်နေ့ဦးတည်ချက်များနှင့် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်ဖြစ်သည့် “စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်” ခေါင်းစဉ်တို့ကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်(၂) ဦးကိုကိုနိုင်က ဖိုလေးလုံးသောင်းကိုကို ရေးသားဂုဏ်ပြုထားသည့် “ပြည်သူချစ်တဲ့တပ်မတော်” ကဗျာနှင့် “အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင်” စသည့်အကြောင်းအရာတို့ကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဦးနေဝင်းက တပ်မတော်၏ အား(၁၀)ပါးနှင့် တပ်မတော်သည် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့သည့် အကြောင်းတို့ကို ဆွေးနွေးခဲ့ကြပြီး အွန်လိုင်းစနစ်ဖြင့် လွှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

အားချာ