မဟာအောင်မြေမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မဟာအောင်မြေ  မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ် (၁၂)နာရီက အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါရုံးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဦးစီးအရာရှိ ဦးဘိုဘိဟန်က သင်တန်းဆင်းအမှာစကား ပြောကြားပြီးနောက် ပန်းချီဆရာ ဉီးရွှေမော်(မြောက်ပြင်တော်)က အခြေခံပန်းချီရေးဆွဲနည်း ပြိုင်ပွဲတွင် ဆုရွေးချယ်ခြင်းစည်းမျဉ်း စည်းကမ်းများကို ရှင်းပြပြီးနောက် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးအရာရှိက အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား လာရောက်ကူညီ သင်ကြားပေးသည့် ကာတွန်းပန်းချီပညာရှင်များဖြစ်သည့် ဦးရွှေမော်(မြောက်ပြင်တော်)၊ ဦးဖိုးချစ်(မန်းတောင်ခြေ)တို့ အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ (၂၀)ရက်နေ့မှ (၂၂)ရက်နေ့ထိ (၃)ရက်တာ သင်ကြားပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၂၈)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင် (ပြန်/ဆက်)