ဂွမြို့နယ်တွင် လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် မြစိမ်းရောင်ရန်ပုံငွေထုတ်ချေး

ဂွ  မတ်   ၂၃

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ကျေးရွာများအလိုက် မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ  ဂွမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇) ရွာအတွက် မြစိမ်းရောင်ရန်ပုံငွေများကို မြို့နယ်မြစိမ်းရောင် လုပ်ငန်းအဖွဲ့ရှေ့မှောက်တွင် ထုတ်ချေးခဲ့ကြောင်း သိရသည်။

မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာ မြစိမ်းရောင်စီမံကိန်း အနေဖြင့် စေတီကွင်း၊ ဆားချက်+ပြင်ကွင်း၊ ကိုင်းတောကွင်း+ဂျိတ်တောင်၊ ပုန်းညှက်၊ ရှောက်ကုန်း၊ ဘိုကလေး(ချင်းကုန်း)၊ ဂျိုင်ကောက်၊ ကြွေချိုင်၊ တိုင်ကျိုး၊ ရွှေရချိုင်၊ ညောင်ချောင်း၊ ပိန္နဲကုန်း၊ ကိုင်းခုံ၊ ကွင်းကြီး(ကမ်းနား)ကျေးရွာများအား (ပဉ္စမအကြိမ်)၊ ကံ့ကော်တောင်ကျေးရွာအား(နဝမ)အကြိမ်၊ ရွာသစ်ကုန်းကျေးရွာနှင့် ငရံ့ကျော်+ဖိုးလှောင်ကွင်းကျေးရွာများအား (တတိယအကြိမ်)အဖြစ် ငွေကျပ်(၆၇၉.၇၄)သန်း ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ(၄၀၁)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၁၁၂၇)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ(၆၆)ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ(၄)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ(၄၆၆)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ(၇၁)ဦးရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်