ကျောက်တော်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ကျောက်တော် မတ် ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယမန်နေ့နံနက် ၇နာရီခွဲမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပင်စင်စားဝန်ထမ်း (၂၀၀၀)ကျော်ရှိပြီး မတ်လ ၂၁ ရက်နေ့မှစတင်၍ လကုန်ရက်အထိ နေ့စဉ်နံနက် ၇ နာရီခွဲအချိန်မှ နေ့လယ် ၂ နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ ကျောက်တော်မြို့နယ်တွင် နိုင်ငံဝန်ထမ်း အငြိမ်းစားပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်တွင် ကိုယ်တိုင်လာရောက် ထုတ်ယူသူများ ကိုယ်စားလာရောက် ထုတ်ယူသူများနှင့် သတ်မှတ်ရက်များအတွင်း ပင်စင်လစာများ လာရောက် ထုတ်ယူခြင်းမရှိသည့်  ပင်စင်စားဝန်ထမ်းများအား မေလဆန်း ဘဏ်လုပ်ငန်းချိန်များတွင် ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ကျောက်တော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခင်မောင်ထွန်း