မလှိုင်မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ နှင့် ပရဟိတလူမှု ကူညီရေးအသင်းများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

မလှိုင်  မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပရဟိတလူမှု ကူညီရေးအသင်းများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ ဆုံဆွေးနွေးပွဲတွင် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က ၂၀၂၂ခုနှစ်အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအကြောင်း၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ အသင်းအဖွဲ့၏ အခွင့်အရေးနှင့်တာဝန်များ၊ အသင်းအဖွဲ့ လိုက်နာ တားမြစ်ချက်နှင့် ပြစ်ဒဏ်များ၊ မှတ်ပုံတင်ထားသည့်အသင်းအဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ အကာအကွယ်ရယူနိုင်ခွင့်၊ ရပ်တည် လှုပ်ရှားခွင့် ရရှိမှာဖြစ်ပြီး ပုဒ်မ၃၃အရ မည်သူမျှမှတ်ပုံတင်လက်မှတ် မရှိဘဲအသင်းအဖွဲ့ကို ဖွဲ့စည်း လှုပ်ရှားခြင်းမပြုရ” အသင်းအဖွဲ့မှတ်ပုံတင်မရှိပဲလုပ်ငန်းဆောင်ရွက်မည်ဆိုပါက အရေးယူအပြစ်ပေး ခံရမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ပါဝါပွိုင့်ဖြင့် အသေးစိတ်ချပြရှင်းလင်း ဆွေးနွေး ပေးခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ သိလိုသည့်မေးမြန်းချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့သည်။ တွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပရဟိတလူမှု ကူညီရေးအသင်းများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၃၀၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)