ဒဂုံတောင် မတ် ၂၃
၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ စာဖတ်ပရိသတ်များ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။
အဆိုပါဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက တပ်မတော်နေ့ အကြောင်းအရာများ၊ တပ်မတော်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ (၇၈) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး အကြောင်းအရာများကိုပြောကြားပြီး တပ်မတော်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်ကို ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးကပြသရာ စာဖတ်ပရိသတ်များနှင့် ကျောင်သား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်၊၊
သန်းသန်းအေး