ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဆ‌က်လက်ဖြေဆို

ဒဂုံမြောက် မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာ‌မေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၄၂)ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ မဟာသာသနာ့ဗိမာန်တော်တွင် ဆက်လက်ကျင်းပဖြေဆိုရာ ဓမ္မာစရိယစာမေးပွဲ ကြီးကြပ်ရေးဆရာတော် ဒေါက်တာဘဒ္ဒန္တနေမိန္ဒဦးစီး၍ စာမေးပွဲကြီးကြပ်ဆရာတော်များမှ စာဖြေသံဃာနှင့် သီလရှင်များ စိတ်အေးချမ်းစွာ စာဖြေဆိုနိုင်ရန် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာမေးပွဲအား မတ်လ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့ထိကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းတိုက်များမှစာသင်သား သံဃာတော် ၉၆ ပါးနှင့် သီလရှင် ၁၉ ပါး၊ စုစုပေါင်း ၁၁၅ ပါးတို့မှ သီလက္ခန္ဓဝဂ္ဂ ပါဠိအဋ္ဌကထာ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြ‌ကြောင်း သိရသည်။

မြင့်မြင့်ရီ