မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

မင်္ဂလာတောင်ညွန့် မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ၊မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဥ်ကိုရိုက်ကူး ထုတ်လွှင့်ခဲ့သည်။

(၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အဖြစ် တပ်မတော်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးက ဦးကျော်သူဟိန်း ဦးစီးအရာရှိနှင့် ဒေါ်ချစ်သဲ ဒုတိယဦးစီးမှူးတို့ကဆွေးနွေး တင်ပြခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဥ်များအပြင် ပြည်သူများအသိပညာ ဗဟုသုတရရှိစေမည့် အစီအစဥ်များကို မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်သူ့စာကြည့်တိုက် facebook page ကတစ်ဆင့် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မိုးမင်းမောင်(မင်္ဂလာတောင်ညွန့်)