ရေး မတ် ၂၃
မွန်ပြည်နယ်၊ ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရေးမြို့နယ် အစင်စံပြကျေးရွာအတွင်းရှိ ငါးအအေးခန်းစက်ရုံ၊ ဥစားကြက် မွေးမြူရေးခြံ၊ ဘဲမွေးမြူရေးခြံများနှင့် နေကြာစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းသည် အစင်စံပြကျေးရွာရှိ HY ငါးအအေးခန်းစက်ရုံနှင့် သံလွငေအေးငါးအအေးခန်း စက်ရုံများရှိ တာဝန်ခံများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ေနေရွက်မှု အခြေအနေများအား မေးမြန်းခြင်း၊ အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခမဖြစ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး အအေးခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် အစင်ကျေးရွာအုပ်စု ဆိတ်ကလေးနှင့် ဓမင်းဆိပ်ကျေးရွာတို့ရှိ ဥစားကြက် မွေးမြူရေးခြံနှင့် ဘဲမွေးမြူရေးခြံများသို့သွားရောက်ကြည့်ရှု အားပေးပြီးနောက် အစင်ကျေးရွာအုပ်စု ဓမင်းဆိပ်ကြီးကျေးရွာရှိ တောင်သူ ဦးမျိုးညွှန့် စိုက်ပျိုးထားသော နေကြာစိုက်ခင်း ၂.၅ ဧကအတွင်း ရင့်မှည့်နေသော နေကြာစိုက်ခင်းများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ရေးမြို့နယ် အစင်စံပြကျေးရွာတွင် ငါးအအေးခန်းစက်ရုံ (၈) ရုံရှိပြီး ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော ငါး၊ ပုဇွန်များကို အအေးခံပြီး ဗူးသွတ်ကာ တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)