ရမည်းသင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးကျင်းပ

ရမည်းသင်း    မတ်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book  Club အသင်းနှင့်ကျောင်းသားလူငယ်များ ပူးပေါင်း၍စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန် စာဖတ်ရှိန်မြှင့်တင်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီခွဲက ရမည်းသင်းခရိုင် ပြန်/ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေးကျောင်းသား လူငယ်များစာပေဖတ်ရှုသည့် အကျိုးကျေးဇူးစာဖတ်သည့် အလေ့အကျင့်ကောင်းရရှိစေပြီး အပြန်အလှန်ဆွေး နွေးတတ်စေရန်တို့ကို ရှင်းလင်းပြောကြားကာ အားလပ်ရက်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာပေကောင်းများ လာရောက်ဖတ်ရှုကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ရမည်းသင်းခရိုင်ပြန်/ဆက်၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ်အတွဲ-၂၀၊အမှတ်-၆၊ ၂၀၂၃ ခုနှစ်၊ မတ်လ(၁၅)ရက်ထုတ်ဝေသည့် စာရေးဆရာ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်) ရေးသားသည့်"အဖွဲ့အစည်းများတွင် အရေးပါသော လူပုဂ္ဂိုလ်တစ်ဦးချင်း၏ စွမ်းဆောင်ရည်" ဆောင်းပါကိုဖတ်ကြားပြီး တက်ရောက်လာသည့် ကျောင်းသားလူငယ်များမှ စိတ်ဓာတ်လှုံ့ဆော်ခြင်း၊ စွမ်းရည်/လုပ်နိုင်စွမ်း၊ သိမြင်နားလည်ခြင်း/သဘောထားအမြင်၊ ကိုယ်ရည်ကိုယ်သွေးနှင့် အဖွဲ့အစည်းဆိုင်ရာအချက်များ စသည့်ခေါင်းစဉ်အလိုက် ပြန်လည်မျှဝေခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)