ရပ်စောက် မတ် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရပ်စောက်မြို့ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းမှ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲကို ယနေ့နံနက် ၉:၃၀ က အဆိုပါမူကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများက အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြွယ်ကြွယ်သိန်းက နှုတ်ခွန်းဆက်အမှာစကားနှင့် မူကြိုကျောင်းနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မူကြိုကျောင်းမှ ဆရာမများ၊ သားငယ်သမီးငယ်လေးများက ပဒေသာကပွဲနှင့် ကဗျာသီချင်းများကိုရွတ်ဆို၍ ကပြဖျော်ဖြေခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများက တစ်နှစ်တာအတွက် ကျောင်းဆင်းလက်မှတ်များကို မူကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆုမွန်(ရပ်စောက်)