ခရမ်းမြို့နယ် Community Centre ခန်းမ၌ အိပ်စက်ခြင်းနှင့်ကျန်းမာရေးအကြောင်း အသိပညာပေး Talk Show ကျင်းပ

ခရမ်း  မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဋ္ဌာန Community Centre ခန်းမ၌  အိပ်စက်ခြင်းနှင့်ကျန်းမာရေးအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ  ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက အိပ်စက်ခြင်းနှင့်ပတ်သက်၍ ရရှိစေမည့်ကျန်းမာ‌ရေးအသိ၊ အတတ်ပညာများအကြောင်းနှင့် အိပ်ရေးမဝပါကဖြစ်ပေါ်ခံစားရမည့် ရောဂါနှင့်ဖြစ်စဉ်များ၊ အရွယ်တင်ခြင်းနှင့်အိပ်စက်ခြင်း၏ ဆက်စပ်မှု၊ ကျန်းမာသန်စွမ်းစေရန် ကောင်းမွန်စွာအိပ်စက်အနားယူခြင်းဖြင့်ရရှိစေမည့် ကျန်းမာရေးကောင်းကျိုးများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များတွင် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )