တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲဒုတိယနေ့ ဆက်လက်ဖြေဆို

တောင်ကုတ် မတ် ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယစာမေးပွဲကို ဒုတိယနေ့အဖြစ် ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

ဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့တွင် ပါရာဇိကကဏ္ဍပါဠိအဌကထာ(၂) ဘာသာရပ်ကိုဖြေဆိုရန် စာရင်းရှိသံဃာ (၄၉)ပါး ရှိသည့် အနက် (၄၂)ပါးဖြေဆိုခဲ့ပြီး ပျက်ကွက်(၇)ပါးရှိကြောင်း မြို့နယ်သံဃ နာယကအဖွဲ့ ၊ ဥက္ကဋ္ဌ ဆရာ‌တော်ထံမှသိရသည်။

သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)