မြောက်ဥက္ကလာပမြို့နယ်တွင် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပ

မြောက်ဥက္ကလာပ မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ ပြောဆိုနိုင်သည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်/ဆက်မှ ဒုတိယဦးစီးမှူးဒေါ်သိင်္ဂီပြည့်ဖြိုးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးက စိတ်ကြိုက်ပုံပြောခြင်း၊ စိတ်ကြိုက်ကဗျာရွတ်ဆိုခြင်းများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများအပြင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပန်းချီသင်တန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)