ဒဂုံမြောက် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ၂၂.၃.၂၀၂၃ ရက်နေ့မှ ၂၅.၃.၂၀၂၃ ရက်နေ့အထိနံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများ၊ အခြေခံအသက်ကယ် အထောက်ကူပြုနည်းများ၊ လူနာအားကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်းနည်းများကို သင်တန်းနည်းပြ(၈)ဦးမှ လက်တွေ့သရုပ်ပြ သင်ကြားပေးလျက်ရှိပြီး ကြက်ခြေနီလုပ်ငန်းများကိုစိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်/မယ် (၅၃)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ