ပင်လုံမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားမှုအား ရပ်ကွက်မဲရုံများတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး

 

ပင်လုံ    အောက်တိုဘာ  ၁    

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထား ကြေညာခြင်းကို အောက်တို ဘာ ၁ ရက် နံနက်ပိုင်းမှစ၍ ပင်လုံမြို့ရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄) နှင့် ကျေးရွာ အုပ်စု(၆) အုပ်စုရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးများတွင် ဆောင်ရွက် လျက်ရှိ ကြောင်းသိရ သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသက်နိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့က ပင်လုံမြို့အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို ယနေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ် နာရီအချိန်ခန့်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး  ပင်လုံမြို့ရပ်ကွက်(၄)ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၆)အုပ်စု၌ ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းတွင် မဲဆန္ဒရှင်ဦးရေ (၄၇၉၀၂)ဦး ရှိပြီး၊ လျာထားမဲရုံအရေအတွက် (၃၆)ရုံရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသက်နိုင်ထံမှ သိရှိရသည်။

နန်းမြင့်မြင့်ဆွေ