တန့်ယန်း မတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ပထမအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ အတွင်းရေးမှူး ရဲမှူးမျိုးနိုင်နှင့် ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးညှိနှိုင်းကြသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့်တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်ဆွေးနွေးညှိနှိုင်းပွဲအား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)