ကွန်ပျူတာ၊ ကိုးရီယားနှင့် အင်္ဂလိပ်စာသင်တန်းများ အခမဲ့သင်ကြားပေး

လားရှိုး မတ် ၂၃

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ ဗဟုသုတပြည့်စုံပြီး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသင်ခန်းစာများတွင် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမ၊ ကွန်ပျူတာခန်းမတို့တွင် ကွန်ပျူတာအခြေခံသင်တန်း၊ ကိုးရီးယား ဘာသာစကားနှင့် အင်္ဂလိပ်စာ 4Skills သင်တန်းများကို မတ်လလဆန်းပိုင်းမှစ၍ အခမဲ့သင်ကြားပေးလျက်ရှိသည်။

အခြေခံကွန်ပျူတာသင်တန်းကို သင်တန်းသား(၂၃)ဦးဖြင့် သင်တန်းကာလတစ်လခွဲ၊ ကိုးရီးယားဘာသာစကားသင်တန်းကို သင်တန်းသား(၂၅)ဦးဖြင့် သင်တန်းကာလနှစ်လနှင့် အင်္ဂလိပ်စာ 4 Skills သင်တန်းကို သင်တန်းသား(၃၀)ဦးဖြင့် သင်တန်းကာလတစ်လကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး လာရောက်စာရင်းပေးသွင်းသူများပြားလျက်ရှိသည်။

လားရှိုး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခမဲ့သင်တန်းများအပြင် အားကစားခန်းမတွင် ယောဂသင်တန်း၊ အစည်းအဝေးခန်းမတွင် လစဉ်စာဖတ်ဝိုင်းများနှင့် ဟင်းလင်းပြင်အထပ်တွင် Zumba အက လာရောက်ဆောင်ရွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)