မိုးနဲမြို့နယ်၌ နံနံပင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မိုးနဲ မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေကျေးရွာအုပ်စု ပန်လော့ကျေးရွာ၌ နံနံပင်စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း တောင်သူဒေါ်ခမ်းအောင်ထံမှ သိရသည်။

ယာခင်းအတွင်း နံနံပင်အပြင် ကြက်သွန်ဖြူများကိုပါ စိုက်ပျိုးထားရာ နုတ်ယူသိမ်းစီးပြီးဖြစ်ကြောင်း၊ နံနံပင်များမစိုက်ပျိုးမီ နွားချေးမြေဩဇာကို မြေသမအောင်ပြုလုပ်ထားကြောင်း၊ ပုလဲမြေဩဇာကိုအသုံးပြုထားသဖြင့် နံနံပင်များ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ မြို့မ ဈေးကြီးတွင် နံနံပင် ၄ ပင်တစ်စီးလျှင် ကျပ် ၂၀၀ ရောင်းချရကြောင်း၊ မိမိယာခင်းအတွင်း နံနံပင်များကို အစေ့ကြဲပတ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်နည်းနည်းဖြင့် စိုက်ပျိုးနိုင်ပြီး အမြတ်များများရရှိကြောင်း၊ ကြက်သွန်ဖြူ စိုက်ခင်းများထဲတွင်လည်း ထည့်သွင်း၍ သီးညှပ်စိုက်ပျိုးနိုင်ကြောင်းနှင့် ယခုအခါတွင် ခူးဆွတ်ရောင်းချနေရပြီဖြစ်သဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြောင်းတောင်သူ ဒေါ်ခမ်းအောင်ထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)