မိုးနဲမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူ (ခွံနီ)စံကွက်ရိတ်သိမ်းခြင်းနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များ ကြည့်ရှုစစ်ဆေး

မိုးနဲ  မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဆောင်းကြက်သွန်ဖြူ စံကွက်ရိတ်သိမ်းခြင်းကို နမ့်မော်ဆွမ့်ကျေးရွာ ရှိ တောင်သူ ဦးစိုင်းထွန်း၏ လယ်မြေနေရာတွင် လင်း‌‌ခေးခရိုင်နှင့် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းသန်း နှင့်တာဝန်ရှိ သူများ ၊မိုးနဲမြို့နယ်စိုက်ပျိုး‌ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ကွင်းတာဝန်ခံများက ကြက်သွန်ဖြူစံကွက် ၆ ဒသမ ၆ ပေ၊ ကောင်း၊ သင့်၊ ညံ့ စံကွက်ရိတ် သိမ်းခဲ့ရာ တစ်ဧကအစို ၅၁၀၀ ပိဿာ၊ အခြောက်ထွက်နှုန်း ၂၅၀၀ ပိဿာထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ရှိသူများက အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ဆောင်သီးနှံ နေကြာစိုက်ခင်းနှင့် ပဲပုပ်စိုက်ခင်းများကိုကြည့်ရှုခဲ့ကြပြီး မြို့နယ်အတွင်း  စိုက်ပျိုးရေး သွင်းအားစုများ ဖြန့်ဖြူးရောင်းချရာတွင် လုပ်ငန်းလိုင်စင်ပါ သတ်မှတ်ချက်များနှင့်အညီ ရောင်းချရေး၊ သက်တမ်းလွန် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် အခါအားလျော်စွာ ရောင်းချခွင့် ပိတ်ပင်ထားသော ပစ္စည်းများအား ရောင်းချခြင်းမပြုရန်၊ မြန်မာဘာသာဖြင့်ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရေး၊ စိုက်ပျိုး ရေးသုံး ပစ္စည်းများ ရောင်းချရာတွင် ဘောင်ချာ/ဖြတ်ပိုင်းပေး၍ စနစ်တကျရောင်းချရေး၊ ဘေးအန္တရာယ် ကင်းရှင်းသော ပိုးသတ်ဆေးများ ဖြန့်ဖြူးရောင်းချရေး၊ ပိုးသတ်ဆေးစနစ် တကျကိုင်တွယ်အသုံးပြုပုံနှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အသေးစိတ်အသိ ပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြ‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သည်။

မျိုးညွန့်ရွှေ (မိုးနဲ)