ကျောက်မဲမြို့တွင်ဆရာ/ဆရာမ များ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်လှစ်

ကျောက်မဲ မတ်လ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်‌ ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အလယ်တန်း​ကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ မတ် ၂၁ နေ့နံနက် ၉ နာရီအချိန်ကစ၍ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ဘာသာရပ်အလိုက် စွမ်းရည်မွမ်းမံသင်တန်းအား ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းအား ကျောက်မဲမြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေးမှ ကြီးကြပ်၍ သင်တန်းပို့ချပေးလျက်ရှိကြောင်းသိရသည်။ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ အထက်တန်းအဆင့် ဘာသာရပ်များ သင်ကြားပေး နေသော ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ (၃၈၅) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှ မတ်လ ၂၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ၄ ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းကို ကျောက်မဲမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)