တန့်ယန်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးကို ဝိုင်းဝန်း ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော နှာခေါင်းစည်း Mask များ၊ အပူချိန်တိုင်း ကရိယာ နှင့် Hand စပီကာများ ထပ်ဆင့်ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော နှာခေါင်းစည်း Mask များ၊ အပူချိန်တိုင်း ကရိယာ၊ Hand စပီ ကာများ ပေးအပ်ရခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းက ရှင်းလင်း ပြောကြားပြီး တာဝန်ရှိ ဌာနဆိုင်ရာများအား နှာခေါင်းစည်း Mask နှင့် Hand Gel (၁)ဗူးစီကို လည်းကောင်း၊ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူများအား အပူချိန်တိုင်း ကရိယာ တစ်ခုနှင့် Hand စပီကာ တစ်ခုစီကို လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)